http://www.discoveryeducation.com/
ပညာရေးကို ဦးစားပေးပြီး ထူးချွန်ထက်မြက်တဲ့ အသိပညာရှင် အတတ်ပညာရှင်များ ပိုမိုလိုအပ်နေတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ လေ့လာစရာဘာသာရပ်တွေက မကုန်နိုင်အောင်ပါပဲ။ ဒီဝက်ဘ်ဆိုက်မှာတော့ လေ့ လာစရာတွေများလွန်းလှတဲ့ ပညာရပ်တွေထဲကနေ ကျောင်းသင်ခန်းစာတွေမှာ ထူးချွန်တဲ့သူဖြစ်လာဖို့ အခြေခံပညာမူလတန်းအဆင့်ကနေ အထက်တန်းအဆင့်ထိ လေ့လာမှတ်သားသင့်တဲ့ သင်ခန်းစားများ ကို ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် စာသင်ကြားမှုမှာ အထောက်အကူဖြစ်စေဖို့ ဥာဏ်စမ်းဂိမ်းအစီအစဉ် များနဲ့လည်း ပျော်ရွှင်ဖွယ်ရာဖြစ်အောင် စီစဉ်ထားပြီး သင်ခန်းစာများကို ဘာသာရပ်အလိုက် ခွဲခြားလေ့ လာနိုင် သီးသန့်စီပြသထားပါတယ်။ အတန်းများကိုလည်း အဆင့်အလိုက်ရွေးချယ်လေ့လာနိုင်မှာဖြစ် တာ ကြောင့် လွယ်လွယ်ကူကူနဲ့ လေ့လာမှု ပြုလုပ်နိုင်မှာပါ။
Ref: Net Guide Journal

No comments:
Post a Comment