ဂီတသင်္ကေတများနဲ့ လက်ကွက်တွေကို လေ့လာနိုင်မယ့်ဝက်ဘ်ဆိုက်
{http://www.wholenote.com/}
ဂီတကို ၀ါသနာပါတဲ့သူတွေအတွက် ၀င်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဝက်ဘ် ဆိုက်မှာ သီချင်းတီးခတ်မယ့်သူတွေအတွက်သာမက တေးရေးတွေအတွက်ပါ သံစဉ်တွေကို လေ့ လာနိုင်အောင် ဂီတသင်္ကေတတွေကို ဖော်ပြပေးထားပါတယ်။ သင်္ကေတတစ်ခုချင်းစီရဲ့တန်ဖိုးတွေ၊ အသုံး အနှုန်းတွေနဲ့ လက်ခတ်တွေကို ပြသတဲ့ သင်္ကေတတွေကိုပါ ဖတ်ရှုနိုင်အောင် လေ့လာနိုင်ဖို့အတွက် စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အခြေခံကနေစတင်လေ့လာသင်ကြားနိုင်အောင် စီစဉ်ပေး ထားတာဖြစ်ပြီး Training Tool တွေ၊ Theory Chart တွေနဲ့ ဝေေ၀ဆာဆာဖော်ပြပေးထားပါတယ်။ Lessons ဆိုတဲ့ စာမျက်နှာကတော့ Ultimate Guitar ၀က်ဘ်ဆိုက်စာမျက်နှာနဲ့ ချိတ်ဆက်ပေးထားပြီး အောင်မြင်ကျော် ကြားတဲ့ အဆိုရှင်တွေရဲ့သီချင်းတွေ တီးခတ်ပုံတွေကို လေ့လာရင်း ကိုယ်တိုင်သင်ယူတီးခတ်နိုင်အောင် စီစဉ်ပေးထားတဲ့အတွက် ဂီတကို နှစ်သက်တဲ့သူတွေ ၀င်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါ တယ်။
Ref: Internet Journal

No comments:
Post a Comment