Tuesday, October 22, 2013
Awem
{http://www.awem.com/}
ဂိမ်းကစားရတာကို နှစ်ခြိုက်တဲ့ ပရိသတ်များအတွက် အွန်လိုင်းကနေ ဂိမ်းပေါင်းများစွာကို ဒေါင်းလုတ် ရယူဆော့ကစားနိုင်မယ့် ၀က်ဘ်ဆိုက်ပါ။ ဒေါင်းလုတ်ဂိမ်း၊ အွန်လိုင်းဂိမ်း၊ မိုဘိုင်းဂိမ်းဆိုပြီး အမျိုးအစား ခွဲခြားကန့်သတ်ပေးထားပါတယ်။ စိတ်ဝင်စားဖွယ်ရာ ရင်ခုန်ဖွယ်ရာဂိမ်းတွေကိုမှ ရှာဖွေကစားလိုပါတယ် ဆိုတဲ့သူများ ဒီဆိုက်မှာ စိတ်ကြိုက်ရွေးချယ်ဒေါင်းလုတ်ပြုလုပ်ပြီးတော့ပဲဖြစ်ဖြစ် အွန်လိုင်းကနေပဲ တိုက် ရိုက်ကစားလိုရင်ပဲဖြစ်ဖြစ် အဆင်ပြေသင့်တော်မှာပါ။ မိမိလိုချင်တဲ့ဂိမ်းကို စတင်ပြီး ဆော့ကစားမယ်ဆိုလဲ သိပ်ပြီးတော့ အခက်တွေ့စေမှာ မဟုတ်ပါဘူး။ အွန်လိုင်း Flash Games ပေါင်းများစွာကိုလည်း ဖော်ပြပေး ထားလို့ ဂိမ်းအခက်ကြီးတွေကို မကစားချင်တဲ့သူတွေ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားစုံစုံ လင်လင်ကို တစ်နေရာတည်းမှာ အလွယ်တကူပဲ ရရှိနိုင်မယ့်ဆိုက်ပါ။
Ref: Net Guide Journal
Labels:
Game
Subscribe to:
Post Comments (Atom)
No comments:
Post a Comment