လာရောက်လည်ပတ်သည့်အတွက် ကျေးဇူးတင်ပါတယ်... Thank for visiting my site...

Pages

Saturday, November 23, 2013

Myanmar Mobile Application Store

http://www.myanmarmobileapp.com/
Android ပေါ်မှာ မြန်မစာအမှန်ပေါ်စေတဲ့ Fepfz
{http://www.myanmarmobileapp.com/}
   Android ဖုန်းတွေ၊ Tablet တွေပေါ်မှာ မြန်မာစာပေါ်တာ မမှန်တော့ စာဖတ်ရတာ စိတ်အနှောင့် အယှက် ဖြစ်ရပါတယ်။ အခုနောက်ပိုင်းတော့ မြန်မာစာမှန်တဲ့ app တွေ ထွက်ရှိလာပေမယ့် အချို့သော ဖုန်းတွေ၊ Tablet တွေ အတွက်တော့ အဆင်မပြေးသေးပါဘူး။
   အခုထွက်လာတဲ့ Fepf ဆိုတဲ့ app ကလေးကတော့ စမ်းသပ်ကြည့်သလောက် ဖုန်းနဲ့ Tabet အတော် များများမှာ မြန်မာစာအမှန်မြင်ရတာ တွေ့ရပါတယ်။
   ဒါပေမဲ့ Android 4.1/4.2 နှင့် အထက်ဖုန်းတွေပဲ ဒီ app ကလေးကို အသုံးပြုနိုင်မှာပါ။ ဘာကြောင့် ဒီနာ မည်ပေးတယ်ဆိုတာတော့ မသိပါဘူး။ Fepfz ဆော့ဝဲလေးကို ဖန်တီးသူကတော့ Developer ဒေါက်တာကျော်ဇော်နိုင် ဖြစ်ပါတယ်။
   ဒီ app ကို အသုံးပြုဖို့ဆိုရင် ဖုန်းကို root လုပ်ထားဖို့ လိုအပ်ပါတယ်။ ဒီ app က မြန်မာစာသွင်းပေး တဲ့ ဆော့ဝဲမဟုတ်ဘဲ မြန်မာစာပါရှိပြီးမှ ဖုန်းတွေ၊ မြန်မာဖောင့်သွင်းပြီး မြန်မာစာမမှန်သေးတဲ့ ဖုန်းတွေကို မြန်မာစာ မှန်မှန်ကန်ကန် မြင်ရစေဖို့ ပြုလုပ်ပေးတဲ့ Android application ဖြစ်ပါတယ်။ Fepfz ဗာရှင်း 1.0 for Android ကို အသုံးပြုချင်တယ်ဆိုရင် Offical Link: http://www.facebook.com/fepfz နဲ့ http://www.myanmarmobileapp.com မှာ ရယူနိုင်ပါတယ်။
    Fepz ဆော့ဝဲလေးရဲ့တခြားထူးခြားကတော့ application ကို ဖွင့်ဖွင့်ချင်းမှာ `ဤ tool သည်။ အခမဲ့ tool ဖြစ်ပါသည်။ Install လုပ်ခြင်း၊ အသုံးပြုခြင်းအတွက် အခကြေးငွေ တစ်စုံတစ်ရာ ပေးဆောင်ရန် မလို အပ်ပါ´ လို့ ဖော်ပြပေးထားတဲ့ Screen တက်လာတာပါပဲ။ ဒီတော့ လုံးဝအခမဲ့ပေးထားတာဖြစ်တဲ့အတွက် စိတ်သန့်သန့်နဲ့ သုံးလို့ရတာပေါ့။

Ref: The Voice Journal

No comments:

Post a Comment