Thursday, November 21, 2013
MM Junction
အခမ်းအနားတွေ၊ ပွဲသတင်းတွေကို သိရှိနိုင်မယ့် MM Junction
{http://www.mmjunction.com/}
စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ မိသားစုနဲ့ပဲဖြစ်ဖြစ် လျှောက်လည်ဖို့ အခမ်းအနားတွေ၊ ပွဲသတင်းတွေကို သိချင်သူတွေအတွက် အလွယ် တကူ သိရှိနိုင်တဲ့ အခမဲ့ Android application တစ်ခုကို ညွှန်းလိုပါတယ်။
ဒီ app ကလေးကို ignite Software Solution က MMJunction အမည်နဲ့ ထုတ်ဝေတာဖြစ်ပြီး အခမဲ့ ဖြန်ချိတာပါ။ ဒီ app ကလေးမှာ သင်တန်းတွေ၊ အရောင်းမြှင့်တင်ရေးပွဲတွေ၊ အိုင်တီပွဲတွေ၊ တေးဂီ တပွဲ စတဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဖျော်ဖြေရေး၊ IT၊ ဓမ္မ၊ စာပေ စတဲ့ ပွဲသတင်းတွေကို စုစည်း ဖော်ပြပေးပါတယ်။ အဲဒီပွဲတွေ၊ အခမ်းအနားတွေရဲ့ကျင်းပမယ့် အချိန်၊ နေရာ၊ နေ့ရက်တွေကို MMJnction app ကို ဖွင့်လိုက်တာနဲ့ အမျိုးအစားအလိုက် အလွယ်တကူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
MMJunction Mobile Application ကို အသုံးပြုချင်တယ်ဆိုရင်တော့ mmjunction.com/xhrvz-hori-wxi/mmjunction.apk မှာ ရယူနိုင်ပါတယ်။
Ref: The Voice Journal
Labels:
Mobile
Subscribe to:
Post Comments (Atom)
No comments:
Post a Comment