Sunday, November 17, 2013
Healthy Women
{http://www.healthywomen.org/}
ဒီဝက်ဘ်ဆိုက်မှာဆိုရင် နေ့တဓူဝကျန်းမာရေးလိုအပ်ချက်တွေအပြင် ကိုယ်ဝန်ဆောင်ချိန်တွေနဲ့ ကိုယ် ၀န်ဆောင်နေစဉ်အတွင်းမှာ သိရှိထားသင့်တဲ့ ကျန်းမာရေးဆိုင်ရာ ပညာပေးချက်တွေ ပါဝင်ပါတယ်။ မိမိ သိလိုသမျှကို ခက်ခက်ခဲခဲရှာဖွေနေစရာမလိုဘဲနဲ့ စိတ်ဝင်စားဖွယ်ရာ ကျန်းမာရေးလမ်းညွှန်ချက်တွေကို ဖတ်ရှုနိုင်မှာပါ။ ကျန်းမာပြီး လှပစေဖို့အတွက် စားသုံးသင့်တဲ့ အစာအဟာရတွေ၊ ပြုလုပ်သင့်တဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခန်းတွေ၊ စိတ်ဖိစီးမှုကို ဖြေလျော့နိုင်ဖို့တွေ စတာတွေအတွက် နည်းလမ်းကောင်းတွေ ကို ဖော်ပြထားပါတယ်။ ကျန်းမာရေးဆိုင်ရာ အကြံပေးလမ်းညွန်မှုတွေအပြင် Ask the expert ဆိုတဲ့ ခေါင်း စဉ်အောက်မှာလည်း ကဏ္ဍတစ်ခုချင်းစီအလိုက် ဖြေကြားထားတဲ့အဖြေတွေဟာ စိတ်ဝင်စားဖို့ကောင်းပါ တယ်။ ကျန်းမာပျော်ရွှင်တဲ့ဘ၀တစ်ခုကို တည်ဆောက်လိုတဲ့ အမျိုးသမီးတိုင်းအတွက် မဖြစ်မနေလေ့လာ သင့်တဲ့ အမျိုးသမီးဆိုင်ရာ ကျန်းမာရေးဆိုက် တစ်ခုပါ။
Ref: Net Guide Journal
Labels:
Health
Subscribe to:
Post Comments (Atom)
No comments:
Post a Comment