{http://www.filehippo.com/}
နည်းပညာပိုင်းဆိုင်ရာ ဆော့ဖ်ဝဲမျိုးစုံကို အခမဲ့ဒေါင်းလုတ်ရယူနိုင်မယ့် နည်းပညာ ၀က်ဘ်ဆိုက် ဖြစ်ပါ တယ်။ ဆော့ဖ်ဝဲတွေကို အမျိုးအစားအလိုက် ခွဲခြားပြီး ယခင်ဗားရှင်းအဟောင်းတွေကိုသာမကဘဲ အသစ် အသစ်သော ဆော့ဖ်ဝဲဗားရှင်းတွေကိုပါ ရေးသားပြသထားပြီး မိမိအကြိုက်တွေ့တဲ့ ဆော့ဖ်ဝဲရှိခဲ့လျှင်လည်း လူမှုရေးဝက်ဘ်ဆိုက်တွေကနေတစ်ဆင့် အခြားသူများကို ပြန်လည်ဝေမျှနိုင်ဦးမှာ ဖြစ်ပါတယ်။ Antivirus Software, Browser, Driver ဆော့ဖ်ဝဲအမျိုးမျိုးကို အလွယ်တကူပဲ ဒေါင်းလုတ်ရယူနိုင်မှာ ဖြစ်သလို မိမိ အလိုရှိတဲ့ ဆော့ဖ်ဝဲကိုလည်း ရှာဖွေပြီးရယူနိုင်မှာပါ။ ရိုးရှင်းသပ်ရပ်တဲ့ဝက်ဘ်ဆိုက်စာမျက်နှာနဲ့အတူ ဆော့ ဖ်ဝဲအမျိုးအစားတွေကို သီးသန့်ခွဲခြားပြီး ပြသထားတဲ့ ဒီဇိုင်းကလည်း သုံးစွဲသူအကြိုက်တွေ့စေမှာ ဖြစ်ပါ တယ်။
Ref: Net Guide Journal
No comments:
Post a Comment