FTP Client ကို ၀က်ဘ်ပေါ်မှာ အသုံးပြုချင်သူများအတွက်
{http://www.net2ftp.com/}
FTP Server ပေါ်သို့ဖိုင်တွေကို တင်လိုသူတွေအတွက် FTP Client ကို ကွန်ပျူတာအတွင်း ထည့်သွင်း အသုံးမပြုလိုတဲ့အခါမှာ အလွယ်တကူနဲ့ အသုံးပြုနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက် ဟာ ဖိုင်တွေကို အလွယ်တကူနဲ့ တင်နိုင်မှာ ဖြစ်သလို၊ ဖိုင်တွေကို အစီအစဉ်တကျ စီမံခန့်ခွဲဖို့အတွက် လည်း အဆင်ပြေအောင် စီစဉ်ထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ FTP အသုံးပြုခွင့်ရှိတဲ့ အကောင့်မှန် သမျှကို ဒီဝက်ဘ်ဆိုက်ကနေ ၀င်ရောက်ပြီး Upload ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် FTP Client ဆော့ဖ်ဝဲကို ကွန်ပျူတာအတွင်း မထည့်သွင်းလိုတာဘဲဖြစ်ဖြစ်၊ အလွယ်တကူမရှိတဲ့အခါမှာပဲဖြစ်ဖြစ် အသုံးပြုနိုင်အောင် စီစဉ်ပေးမယ့် ၀က်ဘ်ဆိုက် ဖြစ်ပါတယ်။
Ref: Internet Journal
No comments:
Post a Comment