http://www.glitter-graphics.com/
ချစ်စဖွယ်လှပတဲ့ အရုပ်ကလေးတွေ၊ အကောင်ပလောင်လေးတွေ၊ စာတန်းလေးတွေနဲ့ အခြားသော Seasonal ဆိုင်ရာ ပုံရိပ်ပေါင်းများစွာကို ရယူနိုင်မယ့် နေရာလေးတစ်ခု ဖြစ်ပါတယ်။ အကောင့်ပြုလုပ်ပြီး လည်း အသုံးပြုလို့ရသလို မပြုလုပ်ဘဲနဲ့လည်း အလွယ်တကူရရှိနိုင်မှာပါ။ အလိုရှိတဲ့အမျိုးအစားကို ရွေးချယ် ပြီးတစ်ခုချင်းစီအလိုက်ရယူနိုင်မှာဖြစ်ပြီး ပုံတွေကို သူငယ်ချင်းတွေဆီပေးပို့နိုင်ရုံသာမက မိမိဝက်ဆိုက်ထဲ ကိုလည်း အလွယ်တကူထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စာသားတွေမှာလည်း မိမိလိုချင်တဲ့စာလုံကို ကြိုက်နှစ်သက်ရာအရောင် လှုပ်ရှားသက်ဝင်နေတဲ့ပုံများနဲ့ Code များကို ရယူထည့်သွင်းနိုင်မှာပါ။ အခုလို နှစ်သစ်ကူးအချိန်မှာ သူငယ်ချင်းများဆီကိုလည်း အမှတ်တရလက်ဆောင်အဖြစ် လှပချစ်စဖွယ်ပုံ များကို အွန်လိုင်းကနေလည်း ပေးပို့နိုင်ဦးမှာ ဖြစ်ပါတယ်။
Ref: Net Guide Journal
No comments:
Post a Comment