http://www.poemhunter.com/
နာမည်ကျော်ကဗျာဆရာတွေရဲ့ကဗျာတွေကို စုံလင်စွာ ဖတ်ရှူလေ့လာခွင့်ရမယ့်ဝက်ဘ်ဆိုက် ဖြစ်ပါတယ်။ ကဗျာတွေကို အကြောင်းအရာတွေအလိုက်ရော ကဗျာဆရာနာမည်တွေအလိုက်ပါ ဖတ်ရှုနိုင်မှာဖြစ်သလို ကဗျာစာအုပ် E-books တွေကိုလည်း ဒေါင်းလုတ်ရယူနိုင်မှာ ဖြစ်ပါတယ်။ ထိပ်တန်းကဗျာတွေကို စာမျက်နှာ မှာဖော်ပြထားပြီး နာမည်ကြီးကဗျာဆရာတွေနဲ့ ကိုယ်ရေးရာဇ၀င်တွေကို စာမျက်နှာမှာ ဖော်ပြထားပြီး နာမည်ကြီးကဗျာဆရာတွေရဲ့ကိုယ်ရေးရာဇ၀င်တွေကို လေ့လာနိုင်ဦးမှာပါ။ ဘ၀နဲ့ပက်သက်တဲ့ ကဗျာတွေ၊ အလှအပနဲ့ပက်သက်တဲ့ ကဗျာတွေ၊ မွေးဖွားခြင်း၊ သေဆုံးခြင်း၊ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း စတဲ့ စိတ်ခံစား ချက်မျိုးစုံအတွက် ရသမတူတဲ့ ကဗျာပေါင်းများစွာကို ဖတ်ရှုခွင့်ရမှာပါ။ ဒါ့အပြင် အဆိုအမိန့်တွေကို ပါ ဖော်ပြပေးထားပြီး ရေးသားသူရဲ့အမည်ကိုပါ ပူးတွဲဖော်ပြထားပါတယ်။ ကဗျာတွေကို နှစ်သက်မြတ်နိုးတဲ့ သူတွေ ၀င်ရောက်လေ့လာပြီး ခံစားဖတ်ရှုဖို့ သင့်တော်တဲ့ဆိုက်တစ်ခုပါ။
Ref: Net Guide Journal
No comments:
Post a Comment