http://www.cartoonsolutions.com/
ကာတွန်းရုပ်ရှင်ပုံလေးတွေ၊ ကာတွန်းဇာတ်ကောင်းလေးများနဲ့ ပက်သက်တဲ့ အကြောင်းအရာများကို တင် ဆက်ပေးထားတဲ့ ဆိုက်တွေအများအပြားထဲကမှ အခုဖော်ပြပေးလိုက်တဲ့ဆိုက်လေးဟာ အလွန်ပဲ အသုံး တည့်နိုင်မယ့် ဆိုက်ပါ။ ကာတွန်း Animation ပြုလုပ်တယ်ဆိုတာဟာ လွယ်ကူတဲ့ ကိစ္စရပ် မဟုတ်သလို ပြု လုပ်ဖန်တီးရာမှာလည်း စိတ်ဝင်စားစရာကောင်းလောက်အောင် ဆွဲဆောင်နိုင်တဲ့ပညာရပ် ဖြစ်ပါတယ်။ ဒီလို ပညာရပ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို ဒီဝက်ဘ်ဆိုက်မှာ အခြေခံပြုလုပ်ပုံသင်ခန်းစာတွေကစပြီး အသေးစိတ်လေ့လာသင်ယူနိုင်မှာပါ။ အလွယ်တကူလေ့လာနိုင်စေဖို့ အသုံးဝင်မယ့် နည်းလမ်းတွေ နဲ့ ဖော်ပြပေးထားတာမို့ ခက်ခက်ခဲခဲသင်ယူရမှာ မဟုတ်တာကြောင့် Animation ပညာရပ်ကို စိတ်ဝင်စား သူတွေနဲ့ စမ်းသပ်ကြည့်လိုသူတွေ ၀င်ရောက်လေ့လာသင့်တဲ့ ဆိုက်တစ်ခု ဖြစ်ပါတယ်။
Ref: Net Guide Journal
No comments:
Post a Comment