ဗေဒင်ပညာကို လေ့လာလိုသူများအတွက် လေ့လာနိုင်မယ့် ၀က်ဘ်ဆိုက်
{http://www.myanmarastro.com/}
မြန်မာ့ဗေဒင်ပညာကို လေ့လာလိုသူများအတွက် မြန်မာနိုင်ငံဗေဒအဖွဲ့ရဲ့ ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ မြန်မာနိုင်ငံဗေဒသုတေသနအဖွဲ့ရဲ့ရည်ရွယ်ချက်တွေ၊ လုပ်ငန်းဆောင်တာ၊ ရာသီခွင် အဟောတွေကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ရာသီခွင်အဟောတွေကို ပင်မစာမျက်နှာမှာ ဖော်ပြပေး ထားမှာဖြစ်ပြီး မြန်မာနိုင်ငံဗေဒပညာရှင်များက ဖွင့်လှစ်ပို့ချတဲ့ စေတနာဗေဒသင်တန်းကျောင်းရဲ့ သင်တန်း ဖွင့်လှစ်သင်ကြားမှုတွေကိုပါ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြားပေးမယ့် သင်ရိုးညွှန်းတန်း၊ သင်တန်းအချိန်တွေ၊ သင်တန်းကာလတွေကိုပါ ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်သလို၊ နှစ်စဉ်အလိုက် ကုန်ဈေးနှုန်း ခန့်မှန်းဟောကြားချက်တွေကိုပါ ဒီဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားပေးမှာ ဖြစ်ပါတယ်။ ဗေဒင် ပညာကိုပါ ၀ါသနာပါသူများ သွားရောက်လေ့လာနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။
Ref: Internet Journal
No comments:
Post a Comment