http://www.wonderhowto.com/
ဗဟုသုတအဖြာဖြာကို လေ့လာဖတ်ရှုရတာ ကြိုက်နှစ်သက်သူများအတွက် ဗဟုသုတမျိုးစုံကို တစ်နေ ရာတည်းမှာ အလွယ်တကူလေ့လာမှတ်သားနိုင်မယ့် နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ကျန်းမာရေး၊ အနုပညာ၊ ဖျော်ဖြေရေး၊ အားကစား အစရှိတဲ့ ကဏ္ဍမျိုးစုံကို စီစဉ်ထားပြီး ကဏ္ဍတစ်ခုချင်းစီ မှာ သိသင့်သိထိုက်တဲ့ အထွေထွေဗဟုသုတများစွာကို လေ့လာနိုင်မှာပါ။ အစားအစာနဲ့ပက်သက်ပြီး ဟင်း လျာချက်ပြုတ်ပုံ၊ မုန့်ပြုလုပ်ပုံများကို တွေ့မြင်ရမှာဖြစ်သလို အလှအပရေးရာနဲ့ ပက်သက်တာများ၊ ဖက်ရှင်နဲ့ ပက်သက်တဲ့ လေ့လာစရာများ စသဖြင့် ဖော်ပြပေးထားပါတယ်။ ကဏ္ဍမျိုးစုံအတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာမျိုးစုံကို ပြုလုပ်ချင်သူများနဲ့ ဗဟုသုတများစွာကို ရှာဖွေနေသူများအတွက် သွားရောက်လေ့ လာသင့်တဲ့နေရာ ဖြစ်ပါတယ်။
Ref: Net Guide Journal
No comments:
Post a Comment