လာရောက်လည်ပတ်သည့်အတွက် ကျေးဇူးတင်ပါတယ်... Thank for visiting my site...

Pages

Monday, December 30, 2013

Logo Maker

http://www.logomaker.com/
http://www.logomaker.com/
   မိမိအလိုရှိတဲ့ နှစ်သက်ရာ ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုကို ဖန်တီးပြုလုပ်လိုတယ်ဆိုရင် ဒီဝက်ဘ်ဆိုက်က အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်။ ရုံးလုပ်ငန်းလိုဂို၊ ကျောင်းလုပ်ငန်းလိုဂို၊ အခြားသောအသင်းအဖွဲ့များရဲ့ လိုဂိုတွေကို မိမိစိတ်ကြိုက်ဖန်တီးရယူနိုင်မှာပါ။ လိုချင်တဲ့အရွယ်အစား၊ ပုံစံ၊ အမျိုးအစားများကို ရွေးချယ်ပြီး မှ အလွယ်တကူဖန်တီးရယူနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့ Tools တွေကိုလည်း စုံလင်အောင် ထည့်သွင်းပေး ထားတဲ့အတွက် အခက်အခဲမရှိဘဲ အသုံးပြုနိုင်မှာပါ။ ၀က်ဘ်ဆိုက်ကို ၀င်ရောက်လိုက်တာနဲ့ ပြုလုပ်လိုတဲ့ လိုဂိုပုံစံကို အလွယ်တကူပဲ ပြုလုပ်ဖန်တီးနိုင်လောက်အောင် စီစဉ်ပေးထားတာဖြစ်လို့ သုံးစွဲလိုသူတွေ အကြိုက်တွေ့စေမှာပါ။ ကိုယ်ပိုင်စိတ်ကူးအကြံဥာဏ်တွေကို အသုံးချပြီး နှစ်သက်ဖွယ်ရာလိုဂိုလေးတွေကို တီထွင်ဖန်တီးလိုတယ်ဆိုရင်တော့ ဒီဝက်ဘ်ဆိုက်က အလွန်ပဲ အသုံးတည့်စေမှာ သေချာပါတယ်။

Ref: Net Guide Journal

No comments:

Post a Comment