လာရောက်လည်ပတ်သည့်အတွက် ကျေးဇူးတင်ပါတယ်... Thank for visiting my site...

Pages

Saturday, December 7, 2013

Free App A Day

http://freeappaday.com/

 Paid Application များကို အခမဲ့ရယူနိုင်မည့် ၀က်ဘ်ဆိုက်

{http://freeappaday.com/}
   iOS စနစ်မှာ အသုံးပြုတဲ့ Application တွေဟာ အခကြေးငွေပေးသွင်းပြီးမှ အသုံးပြုနိုင်တဲ့ Application တွေ ရှိသလို၊ အခမဲ့အသုံးပြုနိုင်တဲ့ Application တွေအများအပြားလည်း ရှိပါတယ်။ ဒီဝက်ဘ်ဆိုက်မှာတော့ အခကြေးငွေသွင်းပြီးမှ အသုံးပြုရတဲ့ Application တွေ နေ့တစ်နေ့မှာ အချိန်အကန့်အသတ်နဲ့ အခမဲ့ပေးတဲ့ အခါမှာ ဘယ် Application တွေပေးနေပြီဆိုတာကို ဖော်ပြပေးနေတဲ့ ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်ရဲ့ပထမစာမျက်နှာ ဒီတစ်လအတွင်းမှာ ဘယ်နေ့မှာ ဘယ် Application ကို Free ပေးတယ်ဆို တာကို ပြက္ခဒိန်နဲ့အလိုက်တွဲပြီး Application တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ iPhone အတွက်သာမက iPad အတွက်ပါ Application တွေ၊ Game တွေကို ဖော်ပြပေးမှာ ဖြစ်ပြီး၊ ယနေ့ရရှိမယ့် Free Today, Today's Free App of The Day ဆိုပြီး ဖော်ပြပေးတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အသစ်ထွက်ရှိလာ မယ့် Free App တွေကို နေ့စဉ်သိရှိလိုတယ်ဆိုရင် Facebook, Twitter တို့ကနေ ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Ref: Internet Journal

No comments:

Post a Comment