http://www.fashionising.com/hair
ဆံကေသာနဲ့သက်ဆိုင်တဲ့ ပြုပြင်ဖန်တီးပုံအမျိုးမျိုးကို စနစ်တကျရှင်းလင်းပြသပေးထားတဲ့ ဆံပင်ဖက်ရှင် ၀က်ဘ်ဆိုက်ပါ။ ဖန်တီးပြုလုပ်ပုံတစ်ဆင့်ချင်းဆီကို ပုံရောစာရောပါ အသေးစိတ်ရှင်းလင်းပြသထားတာမို့ မိမိလိုချင်တဲ့ပုံစံကို ဖန်တီးနိုင်မှာပါ။ ပေါ်ပြူလာအဖြစ်ဆုံး ဆံပင်ပုံစံများနဲ့ ဆင်ယင်ထုံးဖွဲ့သင့်တဲ့ ဆံပင် ပုံစံတွေကိုပါ အများအပြားထည့်သွင်းဖော်ပြပေးထားပါတယ်။ အချို့ပြုလုပ်နည်းတွေကို ဗီဒီယိုဖိုင်များ နဲ့ ဖော်ပြပေးထားပြီး ဘယ်ဆံပင်ပုံစံကတော့ ခေတ်အစားဆုံးဖြစ်နေတယ်ဆိုတာတွေကို တွေ့မြင်ရမှာပါ။ ဖက်ရှင်ဆိုင်ရာကဏ္ဍများကိုလည်း စုစည်းတင်ဆက်ပေးထားတာကြောင့် ဆံပင်ပုံစံနဲ့ပက်သက်တဲ့ အကြောင်းအရာများတင်မကဘဲ ဖက်ရှင်နဲ့သက်ဆိုင်တဲ့အရာတွေကို လေ့လာလို့ရမှာ ဖြစ်ပါတယ်။ အလှအပရေးရာကို စိတ်ဝင်စားသူများနဲ့ ဖက်ရှင်ကို နှစ်သက်ကြသူများ လေ့လာစရာနေရာတစ်ခုပါ။
Ref: Net Guide Journal
No comments:
Post a Comment