Saturday, December 7, 2013
The Cook's Thesaurus
စားသောက်ဖွယ်ရာ အချက်အလက်တွေကို လေ့လာချင်သူများအတွက်
{http://www.foodsubs.com/}
စားသောက်ဖွယ်ရာတွေနဲ့ ပက်သက်တဲ့အချက်အလက်တွေကို လေ့လာချင်သူများအတွက် လေ့လာနိုင် မယ့် ၀က်ဘ်ဆိုက်မှာတစ်ခု ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အသီးအရွက်၊ အသီးအနှံ၊ အစေ့နဲ့ အရည်အစ ရှိတဲ့ စားသောက်ကုန်ပစ္စည်းတွေကို လေ့လာနိုင်ဖို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ခွဲခြားပေးထားပါ တယ်။ အစားအသောက်နဲ့ပက်သက်တဲ့ အချက်အလက်တွေအများအပြားကို ဒီဝက်ဘ်ဆိုက်ကနေ လေ့ လာနိုင်မှာဖြစ်ပြီး သင်သိလိုတဲ့အစားအသောက်ရဲ့ပါဝင်တဲ့ အာဟာရအချက်အလက်တွေကိုပါ အသေးစိတ် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ အမျိုးအစားတူရာ အစားအသောက်ထဲကမှ မျိုးကွဲအစားအသောက်များကိုပါ အသေးစိတ်ရှင်းလင်းဖော်ပြပေးတဲ့အတွက် အစားအသောက်များကို ကျန်းမာရေးအတွက် လေ့ကျင့် စားသောက်နေသူများ ပိုမိုအသုံးဝင်စေမယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။ အသွင်အပြင်ရိုးရှင်းပြီး မိမိ ရှာဖွေလိုတဲ့ အချက်အလက်တွေကို အလွယ်တကူနဲ့ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
Ref: Internet Journal
Labels:
Food
Subscribe to:
Post Comments (Atom)
No comments:
Post a Comment